လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အင်္ဂလိပ်ဘာသာစကားအမျိုးသားဗဟိုဌာန နှင့် ရန်ကုန်တက္ကသိုလ် ၊ အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Global English Course Basic Level သင်တန်သား လျှောက်လွှာပြန်လည်ခေါ်ယူခြင်း

၁။ Global English Course (2/2019) သင်တန်းကို ၁၀.၅.၂၀၁၉ နေ့နံနက် ၉.၀၀နာရီတိတိတွင် register.ncel.edu.mm website မှလျှောက်လွှာခေါ်ယူ ခဲ့သော်လည်း Technical Error တက်သွားပါသဖြင့် အဆင်မပြေဖြစ်သွား ခဲ့ပါသည်။ ထို့အတွက်ကြောင့် အနူးအညွတ်တောင်းပန်ပါသည်။

၂။ သို့ဖြစ်ပါ၍ Global English Course (2/2019) Basic Level ကို ၁၇.၅.၂၀၁၉ ရက်နေ့ နဲနက် ၀၉း၀၀ နာရီတွင် အဆိုပါ website link ၌ထပ်မံလျှောက်ထား နိုင်ရန်ကြေညာအပ်ပါသည်။ တက်ရောက်ခွင့်ရသူများ၏ အမည်စာရင်းကို ၁၉.၅.၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀နာရီတွင် အဆိုင်ပါ website link ၌ ထပ်မံကြေငြာပါမည်။ ၎င်းအမည်စာရင်းတွင် ပါဝင်သူများသည် ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်၌ ၂၀.၅.၂၀၁၉ နေ့ရက်တွင် လူကိုယ်တိုင် လာရောက် သင်တန်းကြေးပေးသွင်းရမည်ဖြစ်ပါ သည်။

=>> Website link: register.ncel.edu.mm

 

ပုံစံစစ်ဆေးရန်နှင့် သင်တန်းကြေးလက်ခံမည့်နေ့ရက်နှင့်အချိန်

Basic Level             – ၂၀.၅.၂၀၁၉ (၀၉း၀၀နာရီ မှ ၁၄း၀၀နာရီထိ)

 

ငွေလက်ခံမည့်နေရာ       – ရန်ကုန်တက္ကသိုလ်၊ပင်လုံဆောင် ( Judson Church နှင့်ကပ်လျက်)
သင်တန်းကာလ             – ၂၅.၅.၂၀၁၉  မှ  ၁၆.၈.၂၀၁၉ ( ၃လ)
သင်တန်းပို့ချမည့်အချိန်    – Weekday – တနင်္လာ၊ဗုဒ္ဒဟူး၊သောကြာ (ဝရး၀၀နာရီ မှ ၀၉း၀၀နာရီထိ)
                                           Weekend 1 – စနေနှင့်တနင်္ဂနွေ (၀၉း၀၀နာရီ မှ ၁၂း၀၀နာရီထိ)
                                           Weekend 2  – စနေနှင့်တနင်္ဂနွေ (၁၃း၀၀နာရီ မှ ၁၆း၀၀နာရီထိ)

ပညာအရည်အချင်း                     – မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ
ဖြစ်ရမည်။

လိုအပ်သောစာရွက်စာတမ်းများ – ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ ၊ မှတ်ပုံတင် ၊ ဓါတ်ပုံ (၄)ပုံ
နိုင်ငံဝန်ထမ်းဖြစ်ပါက                  – ဝန်ထမ်းကဒ် မူရင်းနှင့် မိတ္တူ ၊ သက်ဆိုင်ရာ ကျောင်း၊ရုံး၊ဌာနမှ တာဝန်ခံ အကြီးအကဲ၏
သင်တန်းတက်ရောက်ခွင့်ပြုစာ

စုံစမ်းရန်ဖုန်း                              – ၀၉-၂၅၁၂၀၀၃၈၄ ။ ၀၉-၉၅၅၃၂၉၁၀၈

 

Leave a reply