Basic level re-registration GCE (2/2019)
Global English Course (2/2019) Basic Level ကို ၁၇.၅.၂၀၁၉ ရက်နေ့ နဲနက် ၀၉း၀၀ နာရီတွင် အဆိုပါ website link ၌ထပ်မံလျှောက်ထား နိုင်ရန်ကြေညာအပ်ပါသည်။
Read moreEstablished on 23 December 2004 under the Department of Higher Education, Ministry of Education, Myanmarhoused at Pang Long Hall, located on Yangon University Campus, next to Judson Church
To fulfil the English language skills requirements of a lifelong learning Myanmar society
To promote the teaching and learning of English at all levels focusing on the tertiary level through human resource development, education, training, research and linkages with regional and international ELT organizations
Global English Course က ဘွဲ့လွန်ဒီပလိုမာသင်တန်းဖြစ်ပါတယ်။ Level ၅ ခုတက်ရပါမယ်။ Basic Level, Intermediate Level, Upper Intermediate Level, Advanced Level I, Advanced Level II တို့ဖြစ်ပါတယ်။ Level တစ်ခုစီကို (၁၂)ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ Level (၅)ခုလုံး ပြီးသွားရင် Diploma in English ကိုချီးမြှင့်မှာဖြစ်ပါတယ်။ သင်တန်းတစ်ခုလုံးပြီးဖို့ (၁)နှစ်ခွဲမှ (၂) နှစ်အတွင်း ကြာမြင့်ပါမယ်။ ယခုလက်ရှိသင်တန်းကြေးက Level တစ်ခုစီအတွက် ကျပ် ၅၀ဝဝဝ (ငါးသောင်းကျပ်) ဖြစ်ပါတယ်။
မပေးပါ။ ထောက်ခံစာလိုချင်သူများကို ထောက်ခံစာထုတ်ပေးပါတယ်။
မရပါဘူး။ ကျောင်းသားအားလုံးက Basic Level စတက်ရမှာပါ။
မဖြေဆိုရပါ။ Online မှာ လျှောက်လွှာတင်ပြီးသွားရင် တက်ရောက်ခွင့်ရသူများကို Online မှာ ကြေငြာပေးပါမယ်။
သင်တန်းတက်ရောက်နိုင်တဲ့အချိန် (၃)ချိန်ရှိပါတယ်။ မိမိတက်လိုတဲ့ အချိန်ကို ရွေးချယ်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။
ကျောင်းသားဟောင်းတွေဆိုရင် Online က လျှောက်ဖို့မလိုပါဘူး။ မိမိရပ်နားထားတဲ့ Level နှစ်၊ လ တို့ကို ပြောပြီး မိမိကျောင်းသားကဒ်ကိုပြပြီး ကျောင်းပြန်တက်လို့ ရပါတယ်။
Online မှလျှောက်ထားရမယ့်ရက်ကို ကြေးမုံသတင်းစာ၊ National Centre for English Language ရဲ Facebook page နဲ့ NCEL ရဲ့ Webpage ဖြစ်တဲ့ https://register.ncel.edu.mm မှာ ကြေငြာပေးပါတယ်။ လျှောက်လွှာကို သတ်မှတ်တဲ့ရက်၊ သတ်မှတ်တဲ့အချိန်မှာပဲ လျှောက်ရပါမယ်။ ကြိုတင်လျှောက်ထားလို့မရပါဘူး။ လျှောက်ထားရမယ့်အချိန်ကျမှသာလျှင် https://register.ncel.edu.mm မှာ Register လုပ်လို့ရပါမယ်။
Online မှာ လျှောက်လွှာတင်ဖို့ သတ်မှတ်ထားတဲ့ရက်၊ သတ်မှတ်ထားတဲ့ အချိန်မှာ Register လုပ်တဲ့ Icon ပေါ်လာမှာပါ။ အဲဒီအခါ Register ကို နှိပ်လိုက်ရင် Online မှ လျှောက်ရမယ့် ပုံစံပေါ်လာပါမယ်။ အဲဒီထဲမှာ WD, WE 1, WE 2 ဆိုပြီး ရွေးချယ်စရာ (၃)ခုကို ရွေးရမယ့် Button ကတဆင့် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။
Online မှ ရွေးထားပြီးဖြစ်တဲ့ Session ကို ကျောင်းအပ်တဲ့အခါ ပြောင်းအပ်လို့မရပါဘူး။ ဒါကြောင့် လျှောက်ထားရာမှာ WD, WE 1, WE 2 တို့ကို သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။
Form ဖြည့်ရာမှာ အမည်၊ အဖအမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ အီးမေးလ် လိပ်စာ၊ ဘွဲ့အမည်တို့ကို ဖြည့်ရပါမယ်။
Form ပါ အချက်အလက်အားလုံးကို အင်္ဂလိပ်လိုပဲ ဖြည့်ရမှာပါ။
Basic Level ကျောင်းသားလက်ခံရာမှာ လူဦးရေက တသမတ်တည်းမရှိပါဘူး။ လက်ရှိ Intermediate, Upper Intermediate , Advanced Level I, Advanced Level II တက်နေတဲ့ ကျောင်းသားဦးရေကို တွက်ဆပြီးမှ ဆရာလုံလောက်မှု၊ အခန်းလုံလောက်မှုအရ လက်ခံတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Global English Course (2/2019) မှာတော့ (၄၀ဝ) ကျော် လက်ခံခဲ့ပါတယ်။
Basic Level ဆိုရင်တော့ လူကိုယ်တိုင်လာရပါမယ်။ အခြား Level တွေဆိုရင်တော့ ကျောင်းအပ်ရာမှာ လိုအပ်တဲ့အချက်အလက်အပြည့်အစုံပါရင် လူစားအပ်လို့လည်းရပါတယ်။
ကျောင်းအပ်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေကတော့ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်၊ ဓါတ်ပုံ (၄)ပုံ ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကဒ် မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာ ကျောင်း၊ ရုံး၊ ဌာနမှ တာဝန်ခံ အကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုစာ တို့ဖြစ်ပါတယ်။
Online မှာ ရောက်ရှိလာတဲ့ Form တွေကို အချကအလက်ပြည့်စုံပြီး အစောဆုံးရောက်တဲ့ Form တွေကို အစီအစဉ် အတိုင်းလက်ခံပါတယ်။ တက်ရောက်ခွင့်ပြုနိုင်တဲ့ ကျောင်းသားအရေ အတွက်ကို လျှောက်လွှာပိတ်ပြီး (၂)ရက်၊ (၃)ရက် ကြာရင် Online မှာပဲ ထုတ်ပြန်ကြေငြာပြီး ကျောင်းအပ်စေပါတယ်။ ကျောင်းအပ်တဲ့နေ့ ညနေပိုင်းမှာပဲ ကျောင်းလာအပ်တဲ့ ဦးရေပေါ်မူတည်ပြီး Waiting List ကို တပါတည်းကြေငြာပေးပါတယ်။
လက်ခံနိုင်တဲ့ ကျောင်းသားဦးရေပေါ်မှာ မူတည်ပြီး (၁၀)မိနစ် (၁၅)မိနစ်လောက်ဖွင့်ပြီးရင် form ပြန် ပိတ်ပါတယ်။ တစ်စက္ကန့်မှာ လျှောက်လွှာ (၃၊ ၄)ခုလောက်ဝင်တာကြောင့် (၁၅)မိနစ်ဆိုရင် လျှောက်လွှာ (၅၀ဝဝ) ကျော် (၆၀ဝဝ)လောက်ဝင်နေပါတယ်။ ဒါ့ကြောင့် အင်တာနက် လိုင်းကြပ်တဲ့အတွက် လျှောက်လွှာတင်လို့မရတာ ဖြစ်တတ်ပါတယ်။ လျှောက်လွှာတင်နိုင်ဖို့ အင်တာနက်လိုင်း ကောင်းဖို့တော့လိုပါတယ်။
မရသေးပါဘူး။ Sent လုပ်ပြီးပေမယ့် ကိုယ်ရဲ့ Serial No. က သတ်မှတ်ထားတဲ့ ဦးရေထဲဝင်မှ ကျောင်းအပ်လို့ရပါမယ်။ ဥပမာ မိမိရဲ့ Online မှာ တင်လိုက်တဲ့ Form ရဲ့ WD Serial No. က (၁၅၁) ဆိုပေမယ့် WD တန်းတွေမှာ လက်ခံနိုင်တဲ့ ဦးရေက (၁၅၀) ဆိုရင် ကျောင်းအပ်ခွင့်ရမှာ မဟုတ်ပါဘူး။
Global English Course (2/2019) Basic Level ကို ၁၇.၅.၂၀၁၉ ရက်နေ့ နဲနက် ၀၉း၀၀ နာရီတွင် အဆိုပါ website link ၌ထပ်မံလျှောက်ထား နိုင်ရန်ကြေညာအပ်ပါသည်။
Read moreလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အင်္ဂလိပ်ဘာသာစကားအမျိုးသားဗဟိုဌာနနှင့် ရန်ကုန်တက္ကသိုလ် ၊ အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Global English Course ကိုသင်တန်သား လျှောက်လွှာခေါ်ယူခြင်း
Read more